မျက်ရစ်ဖော်ကြိုးထိုးခြင်း
မျက်ရစ်ဖော်ကြိုးထိုးခြင်း သည် အရေပြားကို မခွဲစိတ်ပဲ အပေါ်မျက်ခွံတွင် အလွန်သေးငယ်သောချုပ်ကြိုးလေးများဖြင့် “သဘာဝကျပြီးလှပသော မျက်ရစ်အခွဲ (Crease)” ကို ဖန်တီးပေးသည့် ကုသမှုတစ်ခုဖြစ်ပါသည်။
ကုသမှု၏ အကျိုးကျေးဇူးများ
*သဘာဝကျပြီးလှပသော မျက်ရစ်ကို ရရှိခြင်း
*မျက်ခွံတွဲကျခြင်းမရှိသောကြောင့် မျက်လုံးမြင်ကွင်း ပိုမိုကောင်းမွန်စွာ ရရှိခြင်း
*မျက်ခွံများ ပိုမိုညီညာမှုရှိခြင်း
ကုသမှု
ထုံဆေးဖြင့် ကြိုးထိုးမျက်ရစ်ဖော်ခြင်း ဖြစ်ပြီး (၃၀မိနစ် မှ ၄၅မိနစ်) ဝန်းကျင် ကြာမြင့်တတ်ပါသည်။
သတိပြုရန်အချက်များ
*မျက်ရစ်ဖော်ပြီး ၂၄ နာရီအတွင်း ရေခဲကပ်ပေးရန် (၁နာရီလျှင် ၁၅ မိနစ်ခန့်_၁ကြိမ်ကပ်ရန်)
ရေခဲဖြင့် ချုပ်ရိုးပေါ်သို့ တိုက်ရိုက်မကပ်ရပါ၊ ပိုးသတ်ထားပြီး သန့်ရှင်းသောအဝတ်ကို ချုပ်ရိုးပေါ်တွင် ခံပြီးမှ ရေခဲကပ်ရပါမည်။
*မျက်ရစ်ဖော်ပြီး ၂၄ နာရီအတွင်း ကိုယ်လက်လှုပ်ရှားမှု တတ်နိုင်သမျှ မလုပ်ပဲ အနားယူရပါမည်။
*မျက်ရစ်ဖော်ပြီး ၂၄ နာရီကျော်ပါက ရေချိုးနိုင်ပြီး မျက်နှာနှင့် ချုပ်ရိုးနေရာကို အတတ်နိုင်ဆုံး ရေမထိစေရန် ဂရုစိုက်ပါ။
* ခွဲစိတ်ပြီး ၃ရက်အထိ ခေါင်းအုံးအမြင့်(၂လုံး)ပေါ်တွင် အိပ်ပါ။
*တပတ်အတွင်း ဆေးလိပ်၊ အရက်သောက်ခြင်း ရှောင်ပါ။
မျက်ရစ် ဘယ်လောက်ကြာကြာခံမလဲ?
Suture Method(ကြိုးထိုးမျက်ရစ်ဖော်ခြင်း)တွင် ၁နှစ်မှ ၅နှစ်ဝန်းကျင် ခံတတ်ပါသည်။
Incision Method(ခွဲစိတ်မျက်ရစ်ဖော်ခြင်း) တွင် ၁၅နှစ်အထက် ခံတတ်ပါသည်။
ခွဲစိတ်ပြီး ဘယ်လောက်ကြာရင် အကောင်းဆုံးရလဒ်ကို ရရှိမလဲ?
ပုံမှန်အားဖြင့် ၁လဝန်းကျင် ကြာတတ်ပြီး အချို့လူများတွင် ၆လအထိ စောင့်ရနိုင်ပါသည်။
လူနာ၏ အသက်၊ အရေပြား၊ မျက်လုံးမျက်ခွံဝန်းကျင်ရှိအဆီ စတဲ့ အချက်တွေပေါ်မှာ မူတည်ပါသည်။
မည်သည့်ဘေးထွက်ဆိုးကျိုးများ ဖြစ်တတ်သလဲ?
* မျက်ရစ်ဖော်ပြီး ၂၄ နာရီအတွင်း မျက်လုံးဝန်းကျင် အနည်းငယ် နာကျင်ခြင်း
* မျက်ရစ်ဖော်ပြီး ၃ရက်အထိ မျက်လုံးဝန်းကျင် ရောင်ရမ်းခြင်း
*တပတ်ခန့် အမြင်အာရုံဝါးနေတတ်ခြင်း
* ပိုးဝင်၍ အမာရွတ်ကျန်ခြင်း
* မျက်ရည်များကျနေတတ်ခြင်း
ဖြစ်နိုင်ပါသည်။

