မျက်အိတ်အဆီထုတ်ခြင်း
မျက်စိအောက်မျက်အိတ် အဆီများ ပုံမှန်ရှိသင့်သည်ထက် ပိုပြီးစုပုံလာခြင်းကြောင့် အောက်မျက်အိတ် ညိုနေ၊ ဖောင်းနေခြင်းကို အချို့လူများတွင် ဖြစ်တတ်ကြပါသည်။ ထိုအဆီများကြောင့် ပင်ပန်းနွမ်းနယ်သည့်ပုံသဏ္ဍာန် (သို့) မိမိ၏ ရှိရင်းစွဲအသက်ထက် ပိုကြီးနေသည့်ပုံသဏ္ဍာန် ဖြစ်နေတတ်ပါသည်။
ထိုသို့ဖြစ်သူများအတွက် မျက်အိတ်အဆီထုတ်ခွဲစိတ်မှုဖြင့် မျက်အိတ်ချပ်ရပ်လှပပြီး ငယ်ရွယ်နုပျိုတဲ့အသွင်ကို ရရှိစေနိုင်ပါသည်။
မျက်အိတ်အဆီထုတ်ခွဲစိတ်မှု
ထုံဆေးအသုံးပြုပြီး အဆီထုတ်ခြင်းပြုလုပ်သော အသေးစားခွဲစိတ်မှုဖြစ်ပါသည်။
ကြာချိန် - ၄၅မိနစ်မှ ၁နာရီ ဝန်းကျင်
မည်သည့်ဘေးထွက်ဆိုးကျိုးများ ဖြစ်တတ်သလဲ?
ခွဲစိတ်မှုတိုင်းတွင် ဘေးထွက်ဆိုးကျိုး ရှိတတ်ကြပါသည်။
မျက်ရစ်ဖော်ခွဲစိတ်မှုသည် အသေးစားခွဲစိတ်မှုတခုဖြစ်ပြီး ဘေးထွက်ဆိုးကျိုးလည်း နည်းပါးပါသည်။
သတိပြုရန်အချက်များ
* ခွဲစိတ်ပြီး ၂၄ နာရီအတွင်း ရေခဲကပ်ပေးရန် (၁နာရီလျှင် ၁၅ မိနစ်ခန့်_၁ကြိမ်ကပ်ရန်)
ရေခဲဖြင့် ချုပ်ရိုးပေါ်သို့ တိုက်ရိုက်မကပ်ရပါ၊ ပိုးသတ်ထားပြီး သန့်ရှင်းသောအဝတ်ကို ချုပ်ရိုးပေါ်တွင် ခံပြီးမှ ရေခဲကပ်ရပါမည်။
* ၂၄နာရီအတွင်း ၂၄ နာရီအတွင်း ကိုယ်လက်လှုပ်ရှားမှု တတ်နိုင်သမျှ မလုပ်ပဲ အနားယူရပါမည်။
* ခွဲစိတ်ပြီး ၂၄ နာရီကျော်ပါက ရေချိုးနိုင်ပြီး ချုပ်ရိုးနေရာကို ရေကြာကြာမထိစေရန် ဂရုစိုက်ပါ။
* ခွဲစိတ်ပြီး ၃ရက်အထိ ခေါင်းအုံးအမြင့်(၂လုံး)ပေါ်တွင် အိပ်ပါ။
*တပတ်အတွင်း ဆေးလိပ်၊အရက်သောက်ခြင်း ရှောင်ပါ။
*၂ပတ်အထိ မျက်ကပ်မှန်၊ Eyeliner, Eye make-up များ မသုံးရပါ။
*မျက်နှာကို ဖုန်၊ သဲ၊ မီးခိုး၊ ညှော်နံ့များနှင့် မထိတွေ့စေရန် သတိပြုပါ။
ခွဲစိတ်ပြီး ဘယ်လောက်ကြာရင် အကောင်းဆုံးရလဒ်ကို ရရှိမလဲ?
၂ပတ်မှ ၁လကျော်လျှင် ရရှိနိုင်ပါသည်။
ဖြစ်တတ်သည့် ဘေးထွက်ဆိုးကျိုးများ
*ခွဲစိတ်ပြီး ၂၄နာရီအတွင်း မျက်လုံးဝန်းကျင် နာကျင်ကိုက်ခဲခြင်း
*၃ရက်အတွင်း မျက်လုံးဝန်းကျင် ရောင်ရမ်းခြင်း
*မျက်လုံးတဝိုက် အနီရောင်၊ ပန်းရောင်အကွက်များ ပေါ်ခြင်း (တပတ်ခန့်ရှိလျှင် ပျောက်သွားတတ်ပါသည်)
*တပတ်ခန့် အမြင်အာရုံဝါးနေခြင်း
*မျက်ရည်များကျနေတတ်ခြင်း

