မျက်နှာကြိုးထိုးခြင်း
ခွဲစိတ်ရန်မလိုပဲ သေးငယ်တဲ့ကြိုးများကိုအသုံးပြု၍ မျက်နှာကိုနုပျိုလှပပြီး အသားအရေတင်းရင်းမှုကို လျင်မြန်စွာရရှိစေနိုင်မည့်ကုသမှု ဖြစ်ပါသည်။
ကုသမှု၏အကျိုးကျေးဇူးများ
*လှပ၊ နုပျို၊ ကြည်လင်တောက်ပသော မျက်နှာအသားအရေကို ပိုင်ဆိုင်နိုင်ခြင်း
*လျော့တွဲနေသော အသားအရေကို ပင့်တင်ပေးသောကြောင့် မျက်နှာအသားအရေတင်းရင်းမှု ရရှိခြင်း
*ကြိုးထိုးထားတဲ့နေရာတွေမှာ ကော်လဂျင်ဓာတ်လုပ်မှုကို လှုံ့ဆော်ပေးခြင်း
မျက်နှာကြိုးထိုးကုသမှု
ထုံဆေးအသုံးပြုပြီး မျက်နှာတွင် သေးငယ်တဲ့ကော်လဂျင်ကြိုးလေးများ Super Fine Absorbable Monofilament Threads ကို အရေပြားတွင် ဆေးထိုးအပ်လေးနဲ့ ထိုးထည့်သွင်းပေးခြင်းဖြစ်ပါသည်။
ကြာချိန် ၃၀မိနစ်မှ ၄၅မိနစ် ဝန်းကျင်
သတိပြုရန်အချက်များ
* ၂၄ နာရီအတွင်း ရေခဲကပ်ပေးရန် (၁နာရီလျှင် ၁၅ မိနစ်ခန့်_၁ကြိမ်ကပ်ရန်)
ရေခဲဖြင့် မျက်နှာပေါ်သို့ တိုက်ရိုက်မကပ်ရပါ၊ ပိုးသတ်ထားပြီး သန့်ရှင်းသောအဝတ်ကို ချုပ်ရိုးပေါ်တွင် ခံပြီးမှ ရေခဲကပ်ရပါမည်။
* ၂၄နာရီအတွင်း ပက်လက်လှန်အိပ်ပါ။
* ၂၄နာရီအတွင်း ကိုယ်လက်လှုပ်ရှားမှု တတ်နိုင်သမျှမလုပ်ပဲ အနားယူပါ။
* ၂၄နာရီကျော်လျှင် မျက်နှာသစ်နိုင်ပြီး မျက်နှာကို ညှင်သာစွာ ကိုင်တွယ်ပါ။
* ၄၈နာရီကျော်မှ မိတ်ကပ်၊ Foundation များကို လိမ်းသင့်ပါသည်။
*ကြိုးထိုးပြီး ၃ရက်အတွင်း အစာစားလျှင် ကြေလွယ်သော၊ ဝါးရလွယ်သော အစာများကို ရွေးချယ်စားပါ။
*မျက်နှာကို သန့်ရှင်းသော ပုဝါ (သို့) ဂွမ်းဖြင့် သုတ်ပေးပါ။
* ခွဲစိတ်ပြီး ၃ရက်အထိ ခေါင်းအုံးအမြင့်(၂လုံး)ပေါ်တွင် အိပ်ပါ။
*တပတ်အတွင်း ဆေးလိပ်၊ အရက်သောက်ခြင်း ရှောင်ပါ။
*မျက်နှာကို နှိပ်နယ်ခြင်း၊ မကြာခဏကိုင်တွယ်ခြင်း မပြုရပါ။
*မျက်နှာကို ဖုန်၊ သဲ၊ မီးခိုးများ မထိတွေ့စေရန် သတိပြုပါ။
မျက်နှာကြိုးထိုးပြီး အချိန် ဘယ်လောက်ကြာကြာခံသလဲ?
၁နှစ်မှ ၃နှစ် ဝန်းကျင်
မျက်နှာကြိုးထိုးပြီး ဘယ်လောက်ကြာလျှင် အကောင်းဆုံးရလဒ်ကို ရရှိမလဲ?
*၁ရက်မှ ၃ရက်အတွင်း Face Lifting Effect ကို စတင်တွေ့နိုင်ပါသည်။
*ကြိုးများသည် ၂ပတ်မှ ၄ပတ်အတွင်း နေရာကျသွားပါမည်၊ ကော်လဂျင်လှုံ့ဆော်မှုကို စတင်လာပါမည်။
*တဖြည်းဖြည်းချင်း ပိုမိုတင်းရင်းသော အသားအရေကို ရရှိလာပြီး ၆လ-၉လတွင် အကောင်းဆုံးရလဒ်ကို ရရှိနိုင်ပါသည်။
လူနာ၏ အသက်၊ အရေပြားပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။
မည်သည့်ဘေးထွက်ဆိုးကျိုးများ ဖြစ်တတ်သလဲ?
*မျက်နှာ ရောင်ရမ်းခြင်း၊ နီရဲခြင်း
*နာကျင်ကိုက်ခဲခြင်း
*ကြိုးကို စမ်းမိခြင်း
*ကြိုးနေရာရွေ့ခြင်း
*ကြိုးပြတ်ခြင်း
*ပိုးဝင်ခြင်း

