top of page

ဆံပင်စိုက်ကုသမှု

ခွဲစိတ်ရန်မလိုပဲ ခေတ်မှီDHI(Direct Hair Transplant)နည်းပညာအသုံးပြုပြီး ဆံပင်စိုက်ခြင်းဖြင့် ကျန်းမာသန်စွမ်းတဲ့ ဆံပင်များကို ပြန်လည်ရရှိစေပါသည်။

 

ဘယ်သူတွေအတွက်လိုအပ်လဲ?

* အသက်အရွယ်ကြောင့်ဖြစ်စေ၊ မျိုးရိုးကြောင့်ဖြစ်စေ၊ အကြောင်းအရင်းအမျိုးမျိုးကြောင့် ဆံပင်ပါးသူများ၊ ထိပ်ပြောင်သူများ၊ ဆံပင်ကျွတ်များပြီး ပြန်မပေါက်သူများ၊ Hair Lineတိုးလိုသူများအတွက် သင့်တော်ပါသည်။

ဆံပင်စိုက်ကုသမှု

​ခွဲစိတ်စရာမလိုပဲ ထုံဆေးအသုံးပြုပြီး မိမိ၏ဦးခေါင်း Donor Areaမှ Hair Follicleများကို နှုတ်ယူပြီး လိုအပ်တဲ့နေရာသို့ ပြန်စိုက်ပေးခြင်းဖြစ်ပါသည်။

လိုအပ်တဲ့ဆံပင်အရေအတွက်ကတော့ တယောက်နဲ့ တယောက်မတူနိုင်တာမို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး သိရှိနိုင်ပါတယ်။

ကြာချိန်သည်လည်း စိုက်ရမယ့်ဆံပင်အရေအတွက်ပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။​

​ကြာချိန် - ၄နာရီမှ ၆နာရီ ဝန်းကျင်

သတိပြုရန်အချက်များ

* ၂၄ နာရီအတွင်း ကိုယ်လက်လှုပ်ရှားမှု တတ်နိုင်သမျှ မလုပ်ပဲ အနားယူရပါမည်။

* ၃ရက်အထိ ခေါင်းကို လက်ဖြင့် ပွတ်တိုက်လျှော်ခြင်း မပြုရပါ၊ Spray စပရေးဖြန်းပြီးသာ သန့်ရှင်းရပါမည်။

* ၃ရက်အထိ ခေါင်းအုံးမြင့်မြင့်ဖြင့် အိပ်ပါ။ (ခေါင်းအုံး ၂လုံးဖြင့်)

* ၃ရက်ကျော်လျှင် ခေါင်းလျှော်ရာတွင် လက်ဖြင့် နူးညံ့စွာ ကိုင်တွယ်လျှော်နိုင်ပါသည်။

* အနာဖေးများတက်လျှင် မိမိဘာသာ ခွာခြင်း မပြုရပါ။

ဆံပင်စိုက်ပြီး ဘယ်လောက်ကြာရင် အကောင်းဆုံးရလဒ်ကို ရရှိမလဲ?

* ဆံပင်စိုက်ပြီး ၃ပတ်အတွင်း ဆံပင်လေးတွေ စထွက်လာပါမယ်။

* ၃ပတ်မှ ၃လဝန်းကျင်တွင် စိုက်ထားတဲ့နေရာမှဆံပင်များ ပြန်ကျွတ်တတ်ပါတယ်။

* ဆံပင်တွေကျွတ်သွားပေမဲ့ Hair Follicleတွေကတော့ ဦးရေပြားထဲမှာ ကျန်ခဲ့လို့ ဆံပင်လေးတွေ ပြန်ပေါက်လာပြီး ၆လဝန်းကျင်တွင် ၆၀-၈၀%ခန့် ရရှိနိုင်ပါတယ်။

* ၆လကျော်ကနေ ၁နှစ်အတွင်း တဖြည်းဖြည်းနဲ့ ပိုထွက်လာပြီး ၁နှစ်ကျော်လျှင် အကောင်းဆုံးရလဒ်ကို ရရှိလာမှာဖြစ်ပါတယ်။

၁ပတ် မှ ၃ပတ် - ဆံပင်လေးတွေ စထွက်

၃ပတ် မှ ၃လ - ဆံပင်များ ပြန်ကျွတ်တတ်

၃လ မှ ၆လ - ဦးရေပြားထဲတွင်ကျန်ခဲ့တဲ့ Hair Follicleလေးများမှ ဆံပင်များ ပြန်ထွက်၊ သိသာစွာဆံပင်ရှည်လာ

၆လ မှ ၁နှစ် - ဆံပင်အုံများ ပိုမိုထူထဲလာ

၁နှစ် မှ တနှစ်ခွဲ - ဆံပင်များ သန်စွမ်းလာပြီး ပုံမှန်ဆံပင်Processများအတိုင်း ဖြစ်လာ

စိုက်ထားသည့်ဆံပင်များ ဘယ်လောက်ကြာကြာခံမလဲ?

ပုံမှန်အားဖြင့် Lifetime ရရှိပါသည်။

(ဆံသားဂရုစိုက်မှု၊ ကျန်းမာရေးအခြေအနေ၊ မျိုးရိုး စသည်တို့ပေါ်မူတည်ပါသည်)

ဖြစ်တတ်သည့် ဘေးထွက်ဆိုးကျိုးများ

* ဆံပင်စိုက်ပြီး ၂၄ နာရီအတွင်း ဆံပင်ယူထားသည့်နေရာနှင့် စိုက်သည့်နေရာဝန်းကျင်မှ သွေးအနည်းငယ်ထွက်ခြင်း

* ၃ရက်အတွင်း ဆံပင်ယူထားသည့်နေရာနှင့် စိုက်သည့်နေရာဝန်းကျင် အနည်းငယ် နာကျင်ခြင်း၊ ထုံခြင်း၊ ရောင်ရမ်းခြင်း

* အနည်းငယ် ယားယံခြင်း

image_edited.jpg
image_edited.jpg

www.facebook.com/

novelmedlink

Gmail_Icon.png
292-2923642_money-icn-blu-icon-hd-png-download_edited.png

Accept MMK and JPY

4291867-200_edited.png

Open 7 days

a week

အောက်ပါငွေပေးချေမှုများဖြင့် ပေးချေနိုင်ပါသည်။

Kpay.png

KBZ Pay

Dpay PNG.png

d Pay

bottom of page