top of page

အဆီကြိတ်ခွဲစိတ်ဖယ်ရှားခြင်း (Lipoma Excision)

Lipoma ဆိုတာက ကင်ဆာမဟုတ်တဲ့ အဆီကြိတ် ဖြစ်ပါတယ်။

ခန္ဓာကိုယ်နေရာအနှံ့တွင် ဖြစ်နိုင်ပြီး နောက်ကျော၊ ပုခုံး၊ ရင်ဘတ်၊ ဗိုက်၊ လက်မောင်း၊ တံတောင်ဆစ်၊ ပေါင်၊ လည်ပင်း တွေမှာတော့ အဖြစ်များလေ့ရှိပါတယ်။

ထိုအကြိတ်လေးတွေဟာ နာကျင်လေ့မရှိပဲ ကင်ဆာသို့ ပြောင်းလဲခြင်းလည်း မရှိပါ။

 

 

ဘယ်လိုအခြေအနေမှာ ခွဲစိတ်ဖယ်ရှားသင့်သလဲ?

* အဆီကြိတ်လေးတွေဟာ အစပိုင်း သေးငယ်ရာမှ အလျင်အမြန်ကြီးလာခြင်း

* နာကျင်မှုရှိလာခြင်း

* Muscleကြွက်သားတွေ၊ အာရုံကြောတွေပေါ် ဖိမိနေခြင်း

* ခန္ဓာကိုယ်လှုပ်ရှားမှုပြုတာကို အခက်အခဲဖြစ်စေခြင်း

* လူမြင်သာတဲ့နေရာမျိုးတွင် အဆီကြိတ်ဖြစ်နေလို့ Cosmetic Concernရှိခြင်း

* အဖြစ်နည်းသော်လည်း Liposarcomaလို့ခေါ်တဲ့ အဆီဆဲလ်ကင်ဆာနဲ့ ရောထွေးနေခြင်း

(သောက်ဆေး၊ လိမ်းဆေးသုံးစွဲခြင်းဖြင့် မသက်သာပဲ ခွဲစိတ်ဖယ်ရှားမှသာ ပျောက်ကင်းပါမည်။)

 

 

ခွဲစိတ်မှု

ထုံဆေးကိုအသုံးပြုပြီး အဆီကြိတ်တွေကို ဖယ်ရှားပေးတဲ့ အသေးစားခွဲစိတ်မှုဖြစ်ပါသည်။

ကြာချိန် - ၃၀ မိနစ်မှ ၄၅ မိနစ် ဝန်းကျင်

 

 

သတိပြုရန်အချက်များ

* ခွဲစိတ်ပြီး ၂၄ နာရီအတွင်း ကိုယ်လက်လှုပ်ရှားမှု တတ်နိုင်သမျှ မလုပ်ပဲ အနားယူပါ။

* ၂၄ နာရီအတွင်း ခွဲစိတ်သည့်နေရာမှ သွေး အနည်းငယ်ထွက်ခြင်း

* ၂ရက်အတွင်း အနည်းငယ် နာကျင်မှုရှိခြင်း၊ ရောင်ရမ်းခြင်း

* ခွဲစိတ်သည့်နေရာကို ရေမထိစေရန် ဂရုပြုပါ။

 

 

ဖြစ်တတ်သည့်ဘေးထွက်ဆိုးကျိုးများ

* ၂၄ နာရီအတွင်း ခွဲစိတ်သည့်နေရာမှ သွေး အနည်းငယ်ထွက်ခြင်း

* ၂ရက်အတွင်း အနည်းငယ် နာကျင်မှုရှိခြင်း၊ ရောင်ရမ်းခြင်း

* အဆီကြိတ်ပြန်ဖြစ်တတ်ခြင်း (ရှားပါး)

www.facebook.com/

novelmedlink

Gmail_Icon.png
292-2923642_money-icn-blu-icon-hd-png-download_edited.png

Accept MMK and JPY

4291867-200_edited.png

Open 7 days

a week

အောက်ပါငွေပေးချေမှုများဖြင့် ပေးချေနိုင်ပါသည်။

Kpay.png

KBZ Pay

Dpay PNG.png

d Pay

bottom of page