top of page

နှာခေါင်းပြုပြင်ခြင်း

နှာတံကို ပိုမိုမြင့်လာစေခြင်း၊ နှာခေါင်းထိပ်ချွန်လာစေခြင်းနှင့် မျက်နှာရှိ အခြားအင်္ဂါအစိတ်ပိုင်းများနှင့် လိုက်ဖက်ညီစွာ ဖြစ်ပေါ်စေခြင်းဖြင့် လှပသောနှာတံကို ရရှိစေပါသည်။

ခွဲစိတ်ပြုပြင်မှု

ထုံဆေးဖြင့် ခွဲစိတ်သော အသေးစားခွဲစိတ်မှုဖြစ်ပြီး (၃၀မိနစ်မှ၄၅မိနစ်)ဝန်းကျင် ကြာတတ်ပါသည်။ နှာခေါင်းပေါက်အတွင်းဘက်တွင် ခွဲကြောင်းရာပေးပြီး ဆီလီကွန်ထည့်၍ နှာခေါင်းကို ပြုပြင်ပါသည်။

တချို့တွင်တော့ နားရဲ့အနောက်ဘက်မှ အရိုးနုကို ယူပြီး ပြုပြင်ပေးပါသည်။

 

သတိပြုရန်အချက်များ

*ခွဲစိတ်ပြီး ၂၄ နာရီအတွင်း ရေခဲကပ်ပေးရန် (၁နာရီလျှင် ၁၅ မိနစ်ခန့်_၁ကြိမ်ကပ်ရန်)

ရေခဲဖြင့် ချုပ်ရိုးပေါ်သို့ တိုက်ရိုက်မကပ်ရပါ၊ ပိုးသတ်ထားပြီး သန့်ရှင်းသောအဝတ်ကို ချုပ်ရိုးပေါ်တွင် ခံပြီးမှ ရေခဲကပ်ရပါမည်။

*ခွဲစိတ်ပြီး ၂၄ နာရီအတွင်း ကိုယ်လက်လှုပ်ရှားမှု တတ်နိုင်သမျှ မလုပ်ပဲ အနားယူရပါမည်။

*ရေချိုးခြင်းနှင့် မျက်နှာသစ်ခြင်း လုပ်နိုင်ပါသည်။ မျက်နှာနှင့် နှာခေါင်းပေါက်အဝကို အချိန်ကြာကြာရေမစိုစေရန် ဂရုစိုက်ပါ။

*မျက်နှာကို သန့်ရှင်းသော ပုဝါ (သို့) ဂွမ်းဖြင့် သုတ်ပေးပါ။

* ခွဲစိတ်ပြီး ၃ရက်အထိ ခေါင်းအုံးအမြင့်(၂လုံး)ပေါ်တွင် အိပ်ပါ။

*ခွဲစိတ်ပြီး ၇ရက်အတွင်း လက်ဖြင့် နှာခေါင်းဝကို ကိုင်တွယ်ခြင်း၊ နှာရည်ညှစ်ခြင်း မပြုရ၊

 ဆေးလိပ်ငွေ့၊ မီးခိုး၊ ညှော်နံ့၊ သဲ၊ဖုန်မှုန့်၊ အမှိုက်များနှင့် မထိတွေ့စေရန် ဂရုပြုပါ။

*ခွဲစိတ်ပြီး ၇ရက်အတွင်း ဆေးလိပ်၊ အရက်သောက်ခြင်း ရှောင်ကြဥ်ပါ။

*ခွဲစိတ်ပြီး ၇ရက်မြောက်နေ့တွင် ချုပ်ရိုးဖြည်ရပါမည်။

*အနာကျက်ချိန် ၁ပတ်မှ ၂ပတ်ဝန်းကျင် ကြာတတ်ပါသည်။

 

ခွဲစိတ်ပြီး ဘယ်လောက်ကြာရင် အကောင်းဆုံးရလဒ်ကို ရရှိမလဲ?

ပုံမှန်အားဖြင့် ၂ပတ်မှ ၁လ အတွင်း ရရှိနိုင်ပါသည်။

 

နှာခေါင်းဆီလီကွန်ထည့်ခွဲစိတ်မှူဟာ ဘယ်လောက်ကြာကြာခံပါသလဲ?

၁၀နှစ်အထိ ခံပြီး အချို့ခွဲစိတ်မှုများကတော့ Permanent ရရှိစေပါသည်။

(ခွဲစိတ်မှုနည်းစနစ်နှင့် အသုံးပြုသည့်ဆီလီကွန်အမျိုးအစားပေါ် မူတည်၍ ကွာခြားနိုင်ပါသည်။)

 

မည်သည့်ဘေးထွက်ဆိုးကျိုးများ ဖြစ်တတ်သလဲ?

*ခွဲစိတ်ပြီး ၂၄ နာရီအတွင်း နှာခေါင်းတဝိုက် အနည်းငယ်နာကျင်ကိုက်ခဲခြင်း

*ခွဲစိတ်ပြီး ၂၄ နာရီအတွင်း နှာခေါင်းမှ သွေးအနည်းငယ်ထွက်ခြင်း

*နှာခေါင်းဝန်းကျင် ရောင်ရမ်းခြင်း၊ နီရဲခြင်း

image_edited.png

www.facebook.com/

novelmedlink

Gmail_Icon.png
292-2923642_money-icn-blu-icon-hd-png-download_edited.png

Accept MMK and JPY

4291867-200_edited.png

Open 7 days

a week

အောက်ပါငွေပေးချေမှုများဖြင့် ပေးချေနိုင်ပါသည်။

Kpay.png

KBZ Pay

Dpay PNG.png

d Pay

bottom of page